eYangon Online Service Center နှင့် အွန်လိုင်းဝန်ဆောင်မှု ကို မိတ်ဆက်ခြင်း


ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ပြည်သူ့ ဝန်ဆောင်မှုများကို အွန်လိုင်းမှ တစ်ဆင့် ပြည်သူ့ အခြေပြု ပေါင်းကူးစနစ် တစ်ခုကဲ့သို့ ထောက်ပံ့ပေးနိုင်ရန် နှင့် အနာဂတ်ကာလတွင် One Stop Service ပေးနိုင်သည့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှု ပေးသူအဖြစ် eYangon Online Service Center Website စာမျက်နှာ တစ်ခုကို မိတ်ဆက် လိုက်ပါပြီ။

eYangon Online Service Center မှ ပထမ အဆင့်အနေဖြင့် ဝန်ဆောင်မှု (၈) ခုအတွက် လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များကို ကြည့်ရှုနိုင်ခြင်း၊ အချက်အလက်များကို Download ပြုလုပ်နိုင်ခြင်း၊ Online မှတစ်ဆင့် လျှောက်ထား နိုင်ခြင်း စသည် တို့ကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ပထမအဆင့် သုံးစွဲနိုင်မည့် ဝန်ဆောင်မှု (၈) ခုအမည်များမှာ -

  • (၁) မော်တော်ကား အရောင်းစင်တာ ဖွင့်လှစ်ခွင့် လျှောက်ထားခြင်း
  • (၂) စက်သုံးဆီဆိုင် ဖွင့်လှစ်ခြင်း၊ သိုလှောင်ကန် အသစ် တည်ဆောက်ခွင့် နှင့် သိုလှောင်ခွင့် လိုင်စင် လျှောက်ထားခြင်း၊
  • (၃) စက်သုံးဆီ သိုလှောင်ကန် ထပ်မံတိုးချဲ့ တည်ဆောက်ခွင့် လျှောက်ထားခြင်း၊
  • (၄) စက်သုံးဆီဆိုင် ပြန်လည် ပြုပြင် မွမ်းမံ တည်ဆောက်ခွင့် လျှောက်ထားခြင်း
  • (၅) စက်သုံးဆီ တင်သွင်းခွင့် ကုမ္ပဏီအမည် ပြောင်းလဲခွင့် လျှောက်ထားခြင်း
  • (၆) ရန်ကုန်တိုင်းဒေသကြီး အတွင်း ကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း
  • (၇) ရန်ကုန်တိုင်းဒေသကြီး အတွင်း သို့ နယ်မှ လိပ်စာပြောင်း (နယ်ဝင်) လျှောက်ထားခြင်း
  • (၈) ရန်ကုန်တိုင်းဒေသကြီး အတွင်း မော်တော်ယာဉ် တင်သွင်း ဝယ်ယူခွင့် လျှောက်ထားခြင်း
  • (၉) ပွဲမိန့်လျှောက်ထားခြင်း
  • (၁၀) တရားပွဲကျင်းပခွင့်လျှောက်ထားခြင်း
  • (၁၁) စာပေဟောပြောပွဲကျင်းပခွင့်လျှောက်ထားခြင်း
  • (၁၂) ဘာသာရေးဆိုင်ရာ ပွဲတော်များ (ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ ၊ အစ္စလာမ်) ကျင်းပခွင့် လျှောက်ထားခြင်း


အသေးစိတ် အချက်အလက်များကို http://eservices.eyangon.gov.mm/ တွင် ဝင်ရောက် လေ့လာနိုင်ပါသည်။